.

Monday, October 25, 2010

အင်္ဂလိပ် Idioms သင်ခန်းစာ (၁) ...

- ဘယ်လိုလဲ/ ဘယ်လိုသဘောရလဲ? - how about/ what about

(1) What about his qualifications for the job?
- အလုပ်အတွက်က သူ့ရဲ့ အရည်အချင်းအခြေအနေ ဘယ်လိုရှိလဲ?
(2) How about going to France for our next anniversary?
- ငါတို့ရဲ့ နောက်ထပ် နှစ်ပါတ်လည်အတွက် ပြင်သစ်ကိုသွားဖို့ အနေအထားက ဘယ်လိုရှိလဲ?
(3) What about a cup of tea?
- လက်ဘက်ရည်က ဘယ်လို ရှိလဲ?
(4) Are your products and services competitive? How about marketing?
- မင်းရဲ့ ဈေးကွက် အခြေအနေက ဘယ်လိုရှိလဲထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေ အများနည်းတူ ရော အဆင်ပြေရဲ့လား?
(5) Now, you’ve talked about work on daffodils, what about other commercially
important flowers, like roses?
- အခု မင်းက အ၀ါရောင် ဒက်ဖဒိလ်ပန်း လုပ်ငန်း အလုပ်အကိုင်အကြောင်း ပြောပြီးသွားပြီ။ နှင်းဆီပန်းလိုမျိုး စီးပွားရေးအရ ပိုကောင်းမယ့် အခြားပန်းတွေ အနေအထားကရော ဘယ်လို ရှိမလဲ?

- အရ/အားဖြင့် - in terms of sth / in sth terms
(1) The job is great in terms of salary but there are disadvantages.
- လစာအရတော့ ဒီအလုပ်ကတော့ သိပ်ကောင်းတယ်။ ဒါပေမဲ့ အကျိုးအမြတ်တော့ မရှိပါဘူး။
(2) Let us consider the problem in political terms.
- နိုင်ငံရေးအနေနဲ့ ဒီပြဿနာကို စဉ်းစားကြရအောင်။
(3) She judges everyone in terms of her own standards.
- သူမရဲ့ ပင်ကိုယ် အဆင့်အတန်းနဲ့ လူတိုင်းကို ထင်မြင်ချက်တွေ ပေးတာပဲ။
(4) Our goods compete in terms of product quality, reliability and above all variety.
- ငါတို့ရဲ့ ကုန်ပစ္စည်းတွေဟာ ထုတ်ကုန် အရည်အသွေး၊ စိတ်ချရမှုနဲ့ အမျိုးစုံလင်မှုတွေ အရ ပြည့်စုံမှု ရှိပါတယ်။

- အားနာပါရဲ့/စိတ်မကောင်းလိုက်တာ - I am afraid
(1) I’m afraid we can’t come.
-ငါတို့ မလာနိုင်တာကို အားနာပါတယ်နော်။
(2) I can’t help you I’m afraid.
- ငါ မင်းကို မကူညီနိုင်ဘူးဟာ။ ငါ စိတ်မကောင်းလိုက်တာ။
(3) ‘Do you have any milk?’ ‘I’m afraid not’.
- “မင်းမှာ နွားနို့ရှိလား?” “အားနာစရာပဲ၊ မရှိဘူးလေ”
(4) ‘Have you missed the train?’ ‘I’m afraid so’.
- “မင်း ရထားမမီလိုက်ဘူးလား?” “ငါလည်း စိတ်မကောင်းပါဘူး”


www.ashinnyanadipa.com

No comments:

Post a Comment