.

Monday, October 25, 2010

အင်္ဂလိပ် Idioms သင်ခန်းစာ (၂) ...

- ချက်ချင်း/မဆိုင်းမတွ/တစ်ချိန်တည်း ပြိုင်တူ/တစ်ခါတည်း - at once

(1) She fell asleep almost at once.
ချက်ချင်းကိုပဲ သူမကတော့ အိပ်ပျော်သွားတယ်။(2) Stop this car at once.
ဒီကားကို ချက်ချင်းရပ်လိုက်။
(3) I can’t do two things at once.
ငါက တစ်ပြိုင်တည်း အရာနှစ်ခုကို မလုပ်တတ်ဘူးဟ။

- လိုရမယ်ရ - just in case
(1) It may rain – you’d better take an umbrella just in case.

မိုး ရွာချင် ရွာလိမ့်မယ်၊ လိုရမယ်ရ မင်း ထီးယူသွားရင် တော့ ပိုကောင်းလိမ့်မယ်။(2) I guess we’ve already talked about this but I’ll ask you again just in case.
ငါတို့တွေဟာ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ လေးလေးနက်နက် ဆွေးနွေးပြီးပြီလို့ ငါထင်တယ်။ ဒါပေမဲ့လည်း လိုရမယ်ရ ငါ ထပ်ပြီးတော့ မေးလိုက်ဦးမယ်။
(3) You should take much money with you more than you need just in case when you travel.
မင်း ခရီးသွားတဲ့ အခါကျရင် လိုရမယ်ရ လိုတာထက် ငွေအပိုကို ယူသွားသင့်တယ်။

- တိုင်တစ်ဝက် - at half-mast

(1) The flags are flying at half-mast on Martyr day.
အာဇာနည်နေ့မှာ အလံတွေကို တိုင်တစ်ဝက် လွှင့်ထူကြတယ်။
(2) Flags were flown at half-mast everywhere on the day of the hostage’s funeral.
ဓားစာခံများ၏ အသုဘအခမ်းအနားနေ့မှာ နေရာတိုင်းတွင် အလံများကို တိုင်တစ်ဝက်စီ လွှင့်တင်ခဲ့ကြပါသည်။(3) By flying at half-mast of flag, we paid respect at his funeral ceremony in honour of the president.
အလံကို တိုင်တစ်ဝက် လွှင့်ထူကာ ကျွန်ုပ်တို့သည် သမ္မတကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဈာပန အခမ်းအနားတွင် အရိုအသေပေး အလေးပြုခဲ့ပါသည်။

No comments:

Post a Comment