predominately (pre DOM a nut li) အများဆုံး၊ အဓိကအားဖြင့်
............................................................
The adverb predominately means largely; mainly or mostly.
The programme's Channel 11 audience is predominantly Thai - many of whom are keen English language learners.
တီဗီ ချန်နယ် ၁၁ ရဲ့ ပရိသတ်တွေကတော့ အဓိကအားဖြင့် ထိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ အများစုက အင်္ဂလိပ်စာ သင်ယူလေ့လာဖို့ စိတ်ဓါတ်တက်ကြွနေကြတဲ့သူတွေပါ။
Relations between the predominately Muslim North and the Christian south are strained.
မူဆလင်အများစုဖြစ်တဲ့ မြောက်ပိုင်းနဲ့ ခရစ်ယာန် တောင်ပိုင်းကြား ဆက်ဆံရေးဟာ တင်းမာနေတယ်။
Although it is predominately a local matter, there are aspects of national interest.............................................................
The adverb predominately means largely; mainly or mostly.
The programme's Channel 11 audience is predominantly Thai - many of whom are keen English language learners.
တီဗီ ချန်နယ် ၁၁ ရဲ့ ပရိသတ်တွေကတော့ အဓိကအားဖြင့် ထိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ အများစုက အင်္ဂလိပ်စာ သင်ယူလေ့လာဖို့ စိတ်ဓါတ်တက်ကြွနေကြတဲ့သူတွေပါ။
Relations between the predominately Muslim North and the Christian south are strained.
မူဆလင်အများစုဖြစ်တဲ့ မြောက်ပိုင်းနဲ့ ခရစ်ယာန် တောင်ပိုင်းကြား ဆက်ဆံရေးဟာ တင်းမာနေတယ်။
အဓိကအားဖြင့်တော့ ဒေသတွင်း ကိစ္စရပ်တစ်ခုသာဖြစ်ပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ရှိနေတယ်။
As a party leader, his power was predominately negative and he was feared more than he was loved.
ပါတီခေါင်းဆောင်အနေနဲ့ သူ့ရဲ့ အာဏာဟာ အဓိကအားဖြင့် အနုတ်လက္ခဏာသဘောဆောင်ခဲ့တယ်။ ချစ်မြတ်နိုးကြတာထက် သူ့ကို ကြောက်လန့်နေခဲ့ကြရတာ။
congested ပြွတ်သိပ်ကျပ်ပြည့်နေသော၊ ထူးကဲစွာ သွေးပြည့်နေသော
The adjective congested means to be very crowded or to be blocked by something, particular within a part of the body.
Roads in the Thon Buri were increasingly congested and the elevated train, when it eventually opens, would be a great help for people going into the city.
သွန်ဘူရီကို သွားတဲ့ လမ်းတွေမှာ တိုးလို့သာ ကားတွေ ပြည့်ကျပ်နေတော့တယ်။ ကောင်းကင်ရထားလမ်း ဖွင့်ပြီးတဲ့အခါမှာတော့ လူတွေ မြို့ထဲသွားဖို့ အများကြီး အဆင်ပြေသွားမယ်။
The marine unit moved north out of a congested area in the suburbs into an agricultural area.
တပ်ဖွဲ့ဟာ လူတွေပြွတ်သိပ်နေတဲ့ ဆင်ခြေဖုံး နယ်မြေအပြင်ဖက်ကနေ မြောက်ပိုင်း စိုက်ပျိုးရေးနယ်မြေဆီကို ရွေ့ခဲ့တယ်။
"Our network is heavily congested, but it is up and running," she said.
“ကျမတို့ နတ်ဝါ့က်တွေ အရမ်းကို ပြည့်ကျပ်နေတယ်။ ဒါပေမယ့် လိုင်းတော့ ကောင်းတုန်း၊ အလုပ်ဖြစ်နေတုန်းပါ။” သူမက ပြောခဲ့တယ်။
The leeches help unblock the blood flow in bad damaged tissues where blood is congested.
သွေးတွေ ပြည့်ခဲနေတဲ့ အသားတစ်ရှုးပျက်တွေထဲမှာ သွေးလည်ပတ်မှုအတွက် မျှော့တွေက လမ်းဖွင့်ပေးတယ်။
fend off, revoke
Sunday, 18 July 2010 08:09 သိန်းနိုင်
fend off
The phrasal verb fend off means to defend or protect yourself or to prevent something from happening.
Government troops stationed near the border have fended off several rebel attacks.
နယ်စပ်အနီးမှာ နေရာချထားတဲ့ အစိုးရတပ်တွေဟာ သူပုန်တွေရဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ခဲ့တယ်။
The Swiss lefthander fended off one match point, but lost when Davenport closed out with an ace.
ဆွစ်လူမျိုး ဘယ်သန်အားကစားသမားဟာ ပြိုင်ပွဲနောက်ဆုံးရမှတ်ကို တစ်ကြိမ် ကြိုးစားခုခံနိုင်ခဲ့ပေမယ့် ဒေဗင်ပေါ့ရဲ့ ace ရိုက်ချက်မှာ အရှုံးပေးခဲ့ရတယ်။
Fending off harsh criticism of his performance during the crisis, the President tried to shift the blame to local officials.
အကျပ်အတည်းကာလမှာ သူရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်တာ ကာကွယ်တဲ့အနေနဲ့ သမတဟာ ဒေသခံအရာရှိများအပေါ် အပြစ်တင်ဖို့ ကြိုးစားခဲ့တယ်။
revoke (ri VOKE) (လိုင်စင်၊ စာချုပ်၊ မူပိုင်ခွင့်) ပြန်လည်ရုပ်သိမ်းခံရသည်။ အသိမ်းခံရသည်။
The verb revoke means to officially cancel something like a license, contract or a patent.
The Aviation Department would revoke the airline's licence if a safety problem emerged, Mr Chaisak said.
လေကြောင်းဦးစီးဌာနအနေဖြင့် လုံခြုံရေးဆိုင်ရာ ပြဿနာကိုတွေ့ရှိပါက လေကြာင်းလိုင်း၏ လိုင်စင်ကို ပြန်လည် ရုပ်သိမ်းမှာ ဖြစ်ကြောင်း မစ္စတာ ချိုင်ဆက်က ပြောကြားလိုက်ပါတယ်။
Osama bin Laden's radical views lead the Saudi government to revoke his citizenship in 1994.
အိုဆာမာဘင်လာဒင်ရဲ့ အစွန်းရောက် အမြင်သဘောထားတွေကြောင့် ဆော်ဒီအစိုးရက သူရဲ့ နိုင်ငံသားဖြစ်ခြင်းကို ၁၉၉၄ ခုနှစ်မှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
A number of Bradford taxi drivers have their licences revoked after they were found to have overcharged.
ဘရက်ဖို့ တက္ကစီကားမောင်းသူအချို့ရဲ့ ခရီးစရိတ် အလွန်အကျွံတောင်းခံမှုကြောင့် သူတို့ရဲ့ လိုင်စင်တွေကို ပြန်လည် ရုပ်သိမ်းခြင်းခံခဲ့ရပါတယ်။
The Indian government won a significant victory when it succeeded in convincing the US Patent Office to revoke a patent given to two US scientists on the use of turmeric powder for healing purposes.
အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး၏ ကုသခြင်းအတွက် နနွင်းမှုန့်ကို အသုံးပြုခြင်းဆိုင်ရာ မူပိုင်ခွင့် မှတ်ပုံတင်ကို အမေရိကန် မူပိုင်ခွင့် မှတ်ပုံတင်ရုံးမှ ပြန်လည် ရုပ်သိမ်းဖို့ တောင်းဆိုမှုအောင်မြင်ခြင်းသည် အိန္ဒိယအစိုးရ၏ အထင်ကရအောင်မြင်မှုတစ်ရပ်ပင် ဖြစ်လေသည်။
Intimidate & Underdog
Thursday, 24 June 2010 06:00 မောက္ခ
intimidate (in TIM a deit) ခြိမ်းခြောက်သည်၊ စိုးရိမ်ပူပန်စေသည်။
The verb intimidate means to cause someone to become afraid and to lose confidence. The noun form is intimidation (in tim a DEY shun).
• Politicians holding power who want to control news directions must stop interfering with, intimidating or destroying our editorial independence, said the statement.
သတင်းလမ်းကြောင်းတွေကို ချုပ်ကိုင်လိုတဲ့ အာဏာရနိုင်ငံရေးသမားများဟာ အယ်ဒီတာလွတ်လပ်ခွင့်ကို ကြားဝင်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ ဖျက်ဆီးတဲ့လုပ်ရပ်တွေကို ရပ်တန့်ရမယ်လို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။
• He was clearly intimidated by the size of the job.
အလုပ်ရဲ့ ပမာဏကြောင့် သူအကြီးအကျယ် စိတ်ပူသွားခဲ့တယ်။
• Soldiers took over the counting of the votes yesterday, after protestors intimidated civilian workers on Saturday night.
မနေ့က မဲရေတွက်တာကို စစ်သားတွေက လွှဲပြောင်းယူခဲ့တယ်။ ဆန္ဒပြ သမားတွေက အရပ်ဖက် ၀န်ထမ်းတွေကို စနေနေ့ညမှာ ခြိမ်းခြောက်ခဲ့တာ အပြီးမှာပါ။
• Strangely, there was no call for the militias to end its campaign of terror and intimidation against independence supporters.
လွတ်လပ်ရေးအတွက် ထောက်ခံသူတွေကို ဆန့်ကျင်ပြီး အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ပြည်သူ့စစ်တွေကို မတောင်းဆိုခဲ့တာဟာ ထူးဆန်းနေတယ်။
*************
underdog အရေးနိမ့်ဟန်ရှိသော အောက်လက်ကနေ (တက်ခွပ်ရသော) လူ၊ အသင်းအဖွဲ့ စသည်။ အနှိမ်ခံ၊ အဖိနှိပ်ခံ လူတန်းစား။
The noun underdog refers a person who is not expected to win or succeed in a competition or situation.
• "I'm the underdog for sure," Danai said about his upcoming match with Robby Ginepri.
“ကျနော်ကတော့ အောက်လက်ကနေ ကစားရမှာ သေချာပါတယ်။“ ဒါနိုင်က လာမည့် ကစားပွဲတွင် ရော်ဘီဂီနက်ရီနှင့် ပတ်သက်ပြီး ပြောဆိုခဲ့တယ်။
• Three goals in six second-half minutes saw Yugoslavia pull off a remarkable fightback to force a draw with Euro 2000 underdogs Slovenia.
ခြောက်မိနစ် စက္ကန့် ၃၀မှာ သုံးဂိုးသွင်းခဲ့တဲ့ ယူဂိုဆလားဗီးယားအသင်းဟာ ယူရို ၂၀၀၀ပွဲမှာ အောက်လက်ကနေ ကစားခဲ့တဲ့ ဆလိုဗေးနီးယား အသင်းနဲ့ သရေကျခဲ့တဲ့အတွက် ထူးခြားလှတဲ့ တုန့်ပြန်မှုလို့ဆိုရမယ်။
• Iain Duncan Smith continued to insist that he was the underdog in the leadership race despite topping two polls of Conservative constituency chairmen.
ကွန်ဆာဗေးတစ်ပါတီရဲ့ မဲဆန္ဒနယ် ဥက္ကဌ ၂ နေရာမှာ အနိုင်ရခဲ့ပေမယ့် ခေါင်းဆောင်ရွေးပွဲမှာ အောက်လက်ကနေ ပါဝင်ရတာဖြစ်တယ်လို့ အီယန်ဒန်ကန်စမစ်က အခိုင်အမာပြောဆိုခဲ့ပါတယ်။
• The most fascinating aspect of "The Year of the Yao," directed by James D. Stern and Adam Del Deo, is that Yao, for all his height and talent, starts out not as a hero but as an overrated underdog.
ဂျိမ်းစ်ဒီစတန်နဲ့ အာဒမ်ဒဲလ်ဒီယိုတို့ ရိုက်ကူးခဲ့တဲ့ “ယောင်ရဲ့ နှစ်” ဇာတ်ကားနဲ့ပတ်သက်လို့ အထူးခြားဆုံးအပိုင်းကတော့ အရပ်မြင့်ပြီး စွမ်းရည်ပြည့်ပေမယ့်လို့ ယောင်ဟာ ဇာတ်လမ်းမှာ သူရဲကောင်းအနေနဲ့ မ စ ခဲ့ရဘဲ အလွန်အမင်း အနှိမ်ခံလူတစ်ဦးအနေနဲ့ စခဲ့ရတာပါ။
သိန်းနိုင်
မောက္ခ၀က်ဘ်ဆိုက်မှကူးယူဖော်ပြပါသည်
No comments:
Post a Comment